Thursday, May 10, 2018

ဓါတ်ဆွမ်ယောင်းရှေးဟောင်းစေတီတော်



ဓါတ်စွမ်ယောင်းရှေးဟောင်းစေတီတော်သည်
ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ၊ မိုင်းဆတ်မြို့တွင်တည်ရှိသည်။
တောင်ပေါ်ဘုရားဟူ၍လည်း လူသိများလှသည်။
မြို့၏ အနောက်တောင် ဘက်ရှိ တပ်ရင်းဂိတ်တစ်ခုကို ဖြတ်ကာ
ဘုရင့်နောင်တောင်ကုန်းထိပ်တွင် တည်ထားသည်။ ဘုရားပေါ်မှ
မိုင်းဆတ်မြို့တစ်မြို့လုံး၏ ရှုခင်းကို လွမ်းခြုံ၍ ကြည့်နိုင်သည်။

ဘုရား၏ သမိုင်းနှင့် စတင်တည်ထားကိုးကွယ်သည့် ခုနှစ်တို့ကို
စာရေးသူအနေဖြင့် မသိရသေးတော်လည်း ပြင်ဆင်မွမ်းမံသည့်
အကြောင်းအရာကိုကား ဘုရားရင်ပြင်ပေါ်မှ ကျောက်စာနှစ်ခုအရ 
သိရသည်။ မြန်မာသက္ကရာဇ်၁၃၂၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း၊
 (၁၄) ရက်၊ ခရစ်သက္ကရာဇ် (၁၈.၁၁.၁၉၆၄) ရက်တွင်အမှတ် (၄၅) 
တပ်ရင်းတပ်ဖွဲ့များနှင့် မိုင်းဆတ်မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများ
မြို့သူ/သားများဖြင့်  မွမ်းမံပြင်ဆင်ခြင်း၊ ထီးတော်သစ်တင်ခြင်း၊
 အာရုံခံတန်ဆောင်း ဆောက်လုပ်ခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်းသိရသည်။ 
ဒုတိယကျောက်စာအရမြန်မာသက္ကရာဇ်
၁၃၄၁ ခုနှစ်၊ နတ်တော်လပြည့် (၁၅) ရက်နေ့ တွင်  အမှတ် (၄၉)
တပ်ရင်းတပ်ဖွဲ့များနှင့် မိုင်းဆတ်မြို့သူ/သားများဖြင့်  မွမ်းမံပြင်ဆင်ခြင်း၊
စေတီအသစ် (၄) ဆူနှင့် ထီးတင်ခြင်း၊ ပန်းအိုး (၄) လုံးအား
မွမ်းမံပြင်ဆင်ခြင်းတို့ကို  ပြုလုပ်ခဲ့ကြောင်းသိရသည်။

စာရေးသူ သွားရောက်ဖူးမြော်ကြည်ညိုခဲ့သည့် ရက်စွဲမှာ ခရစ်သက္ကရာဇ်
(၂၉.၄.၂၀၁၈) ဖြစ်ပြီး အများသူငါ သိရှိဖူးမြော်စေရန် မှတ်တမ်းဓါတ်ပုံ
များဖြင့် မျှဝေဖော်ပြလိုက်ရပါသည်။

သန့်ဇင်အောင်

စာရေးသူနှင့် အပေါင်းအပါ

မဟာမြတ်မုနိရုပ်ပွားတော်

စေတီတော်မြတ်နှင့် ပထမကျောက်စာ
စေတီတော်မြတ်နှင့် ဒုတိကျောက်စာ



ရပ်တော်မူဘုရား

မိုင်းဆတ်မြို့ရှုခင်း

မိုင်းဆတ်မြို့ရှုခင်း

မိုင်းဆတ်မြို့ရှုခင်း



No comments:

Post a Comment